Hacked by Dr.dakukz........
Would you like to react to this message? Create an account in a few clicks or log in to continue.
free counters
Search
 
 

Display results as :
 


Rechercher Advanced Search

Latest topics
March 2024
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
25262728293031

Calendar Calendar

Who is online?
In total there is 1 user online :: 0 Registered, 0 Hidden and 1 Guest

None

[ View the whole list ]


Most users ever online was 13 on Tue Jun 02, 2020 6:22 am

အသင်းဝင်သူများ သိစေရန်............

Go down

အသင်းဝင်သူများ သိစေရန်............ Empty အသင်းဝင်သူများ သိစေရန်............

Post  Emc Phyo Lay Tue Sep 04, 2012 8:03 pm

မင်္ဂလာပါခင်ဗျာ..........

စာပန်းအိမ် ဖိုရမ်မှ ကြိုဆိုပါတယ်....................

Forum ဆိုသည်မှာ Online မှတဆင့်ရင်းနှီးမှုဖြစ်တည်စေသော နေရာတခုဖြစ်ပါတယ်။ မိမိရဲ့ Nick တခုကိုလည်း တန်ဘိုးထားကာ အားလုံးနှင့် ခင်မင်မှု ရရှိစေချင်ပါတယ်။ မသိနားမလည်သည့် အကြောင်းအရာများ ရှိခဲ့ပါက စီနီယာများကလည်း မေးမြန်းနိုင်ပါတယ်။ ယဉ်ကျေးပျူငှာစွာဖြင့် မိမိတို့၏အသိုင်းအ၀ိုင်းအား ချဲ့ထွင်သွားစေလိုပါသည် ။


စည်းကမ်းချက်များ..........

၁။ ဤဖိုရမ်တွင် နိုင်ငံရေးနှင့် သက်ဆိုင်သော ဆွေးနွေးချက်များ၊ ရုပ်ပြောင်ကာတွန်းများ၊ သီချင်းများ၊ ကဗျာများ ၊ ရုပ်ရှင်များ ၊ ဗွီဒီယိုများ အား လုံးဝ(လုံးဝ) လက်ခံသွားမည် မဟုတ်။

၂။ ဤဖိုရမ်တွင် ဘာသာရေးနှင့် သက်ဆိုင်သော ဆွေးနွေးချက်များအားတိုက်ခိုက်ခြင်း လုံးဝ(လုံးဝ) ခွင့်မပြု။

၃။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ဂုဏ်သိက္ခာကို ထိပါးစေသော စာသားများ ၊ ပို့စ်များ ၊ ဝေဖန်ချက်များ ၊ ဆွေးနွေးမှုများ စသည်တို့အားလည်း လုံးဝ(လုံးဝ) ရေးသားခြင်း ၊ ပို့စ်လုပ်ခြင်း မပြုရ။

၎။ နိုင်ငံရေး ၊ ဘာသာရေး တို့ပတ်သက်ဆက်နွယ်နေသော နာမည်များအသုံးပြုခြင်း ၊ Avator ၊ Signature တို့တွင် ထည့်သွင်းအသုံးပြုခြင်း တို့အားလည်း လုံးဝ(လုံးဝ) ခွင့်မပြု။

၅။ အဖွဲ့အစည်းတစ်ခုခု(အထူးသဖြင့် နိုင်ငံရေး ၊ ဘာသာရေး တို့ နှင့် ဆက်နွယ်သောအဖွဲ့အ စည်းများ)မှလာရောက်ကြေညာချက်ထုတ်ပြန်ခြင်း ၊ စည်းရုံးလှုံ့ဆော်ခြင်း ၊ ၄င်းအဖွဲ့အစည်း ၏ ၀ဘ်ဆိုက် လိပ်စာ၊ အီးမေးလ် လိပ်စာများ လာရောက်ကြေညာခြင်း စသည်တို့အား တွေ့ရှိ ပါက ချက်ချင်းလက်ငင်း ၄င်းပို့စ် အားဖျက်သိမ်းသွားမည်ဖြစ်ပြီး အသင်းဝင်အဖြစ်မှ ပယ်ဖျက် မည့်အပြင် လိုအပ်ပါက ထိုအသင်းဝင်၏ IP Address အားလည်း ကန့်သတ်သွားမည်။

၆။ ဤဖိုရမ်တွင်အသင်းသားများ၏ချစ်ကြည်ရင်းနှီးမှုကိုပျက်ပြားစေသည့် တစ်ဦးနှင့်တစ်ဦးရိုင်းပြစွာဆဲဆိုခြင်းများ၊ သွေးထိုးလှုံ့ဆော်ခြင်းများ၊သို့တည်းမဟုတ် ထိုသို့ဖြစ်ပွားစေရန်ရည်ရွယ်၍ ဆွေးနွေးခြင်း၊ ကိုယ်ရေးကိုယ်တာဆိုင်ရာများကို ၀င်ရောက် စွက်ဖက်ရေးသားခြင်း စသည်တို့အား လုံးဝ(လုံးဝ) မပြုလုပ်ရ။

၇။ သက်မှတ်ထားသောနေရာမှလွဲ၍ ဖိုရမ်ကွန်မြူနတီပိုင်းတွင် ညစ်ညမ်း စာသားများ၊ ညစ်ညမ်း ရုပ်ပုံများ၊ ညစ်ညမ်း ရုပ်ရှင်များ ၊ ညစ်ညမ်းဝဘ်ဆိုက် လိပ်စာများ တို့အားလည်း လုံးဝ(လုံးဝ) ရေးသားခြင်း ၊ ပို့စ်လုပ်ခြင်း မပြုရ။

၈။ သတင်းတိကျခိုင်လုံမှုရှိခြင်းသည် ဆွေးနွေးချက်တစ်ခု၏ အသက်ဖြစ်သည်ကိုနားလည်ပါ။ လိုအပ်ပါက ဆွေးနွေးချက်နှင့်သက်ဆိုင်သည့် ရုပ်ပုံများ(Screen Shoot, Box Shoot..etc) နှင့် Crack Key ၊ Serial Number ၊ Activation Code ၊ Patch File ၊ စသည်တို့အား ထည့်သွင်းဖော်ပြပေးရန် မမေ့ပါနှင့်။

၉။ ဆွေးနွေးချက်ခေါင်းစဉ်အသစ်တစ်ခု စတင်မရေးသားမှီ ယခင်ရှိနေပြီးသော ခေါင်းစဉ်များနှင့် ထပ်သွားခြင်းမရှိစေရန် ဦးစွာစစ်ဆေးပါ။

၁၀။ ဆွေးနွေးချက်အကြောင်းအရာသည် ခေါင်းစဉ်နှင့် အမြဲကိုက်ညီမှုရှိပါစေ။

၁၁။ ဆွေးနွေးချက်တိုင်း၏ ခေါင်းစဉ်များကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ ဖြင့်သာ ရေးသားသွားရန်။ ( Burglish မဟုတ်ပါ) ရေးသားရာတွင် ခေါင်းစဉ်တစ်ခုလုံးအား စာလုံးကြီး (Capital Letter) များဖြင့် မရေးသားရန်။

၁၂။ ဆွေးနွေးချက်တွင် ပါဝင်သည့် လင့်ခ် များအားလုံး(http:// , www, .com စသည်တို့ ပါဝင်သော) ကို Code ခံ၍ရေးသားရန် အထူးလိုအပ်သည်။

၁၃။ မည်သည့်အခါတွင်မဆို ဆွေးနွေးချက်တစ်ခု၏ ခေါင်းစဉ်အား ( http:// www ) တို့ဖြင့် အစပြုခြင်းမပြုရ။

၁၄။ ဆွေးနွေးချက်တွင်ပါဝင်သော လင့်ခ်များအား အလုပ်လုပ်ခြင်းရှိမရှိ စစ်ဆေးပြီးမှတင်ပါ။

၁၅။ ဆွေးနွေးချက်တစ်ခုအား ထင်ရှားစေလိုသည့် သဘောဖြင့် နှစ်ကြိမ်ထပ်ဖော်ပြခြင်း မပြုရ။

၁၆။ ဆွေးနွေးချက် အဟောင်းများတွင်ပါဝင်သော လင့်ခ်များ အလုပ်မလုပ်ခြင်း အတွက် တောင်းဆိုရန်ကဏ္ဍတွင် သာပြန်လည်တောင်းဆိုရန်။

၁၇။ ဤဖိုရမ်၏စည်းကမ်းများ ၊ လုပ်ဆောင်ချက်များအား သဘောတူညီမှုမရှိခြင်း ၊ ကျေနပ်မှုမရှိခြင်း တစ်စုံတစ်ရာဖြစ်ပွားပါက ဖိုရမ်အက်ဒမင်ထံသို့ PM(Private Message) ဖြင့်သော်လည်းကောင်း ၊ အီးမေးလ်ဖြင့်သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်သွားရန်။

၁၈။ အကယ်၍ အထက်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့လျှင် Admin အဖွဲ့မှ၎င်းအသင်းဝင်အား သတိပေးပြီး ပို့စ်ကိုပါဖျက်သိမ်းမည်။ ထိုဖြစ်ရပ်မျိုး (၃)ကြိမ်တိတိ ဖြစ်ပွားပါက၄င်းအသင်းဝင်အား အသင်းသားအဖြစ်မှ ရာသက်ပန်ထုတ်ပယ်မည်ဖြစ်သည်။


၁၉။ ပိုစ့်တင်ရာတွင် မန်ဘာများအနေနှင့် ကာလာမျိုးစုံနှစ်သက်ရာသုံးခွင့်ရှိပါသည်။ သို့သော အနီရောင်ကာလာအား အုပ်ချူပ်သူ (သို့) စည်းကမ်းထိန်းသိမ်းရေးများမှ လိုအပ်ချက်များ သတိပေးချက်များ
ပြုလုပ်ရာတွင် ထင်ရှားပေါ်လွင်စေရန် အသုံးပြုခြင်း ဖြစ်တဲ့ အတွက်ကြောင့် အနီရောင်ကာလာသုံးခြင်းအား လုံးဝ(လုံးဝ) တားမြစ်ပါသည်။


ဤဖိုရမ်၏ အုပ်ချုပ်သူအားလုံး (Administrators, Moderators) အားလုံးသည် အသင်းဝင်အားလုံး(၄င်းအုပ်ချုပ်သူများအပါအ၀င်)တို့၏ မည်သည့်ဆွေးနွေးချက်ကိုမဆို အချိန်မရွေး ပြင်ဆင်ခွင့် ၊ တည်းဖြတ်ခွင့် လိုအပ်ပါက ဖျက်သိမ်းခွင့်ရှိသည်။မည်သည့်အကြောင်းကြောင့် တည်းဖြတ် ခြင်း၊ ပြင်ဆင်ခြင်း ၊ ဖျက်သိမ်းခြင်းပြုလုပ်ရသည် ဆိုသည်ကို ပြန်လည်မေးမြန်း ရန်မလိုအပ်ပါ။အကယ်၍အသင်းအုပ်ချုပ်သူဘုတ်အဖွဲ့
အနေဖြင့်လိုအပ်သည် ဟုယူဆပြီး စိတ်ကျေနပ်ဖွယ်အခြေအနေရှိသည်ဟုယုံကြည်သော မည်သည့်အသင်းဝင်ကိုမဆို အသင်းအုပ်ချုပ်သူ အဖွဲ့ဝင်(StaffMember)အဖြစ်ကူညီလုပ်ဆောင်ပေးရန်ကမ်းလှမ်းသွား
မည်ဖြစ်သည်။သို့သော် Staff Memberတစ်ဦးဖြစ်ရန် ဘာတွေလုပ်ရန်လိုအပ်ပါသနည်း ဟုကျေးဇူးပြု၍ မမေးပါနှင့်။

ကျေးဇူးတင်ပါသည်..............
စာပန်းအိမ် Forum Admin Emc Phyo Lay
Emc Phyo Lay
Emc Phyo Lay
ဖိုရမ် အုပ်ချုပ်ရေးမှူး
ဖိုရမ် အုပ်ချုပ်ရေးမှူး

Posts : 13
စတင်ဝင်ရောက်သောနေ့ : 2012-09-04
အသက် : 27
နေရပ် : Yangon

https://spafriends.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum